ညောင်တုန်းမြို့နယ်တွင် e-ID စနစ်၊ Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စီစစ်ဖြည့်သွင်းခြင်းအား ကြီးကြပ်ဆောင်ရွက်

ညောင်တုန်း ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်၊ Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စီစစ်ဖြည့်သွင်းခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင် ဦးကျော်ဇေယျတို့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၏ e-ID စနစ်၊ Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများအား ဌာနဆိုင်ရာဝန်ထမ်း (၁၂)ဦး၊ ကွန်ပျူတာ (၁၂)လုံးဖြင့် စီစစ်ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)