ထန်းတပင်မြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် အေရိုးဗစ်သင်တန်း (အခမဲ့) ဖွင့်လှစ်

ထန်းတပင်(ပဲခူး) ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီ၊  တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အေရိုးဗစ်သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရှိရသည်။

သင်တန်းတွင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သဇင်က လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားရေး၊ နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် အေရိုးဗစ်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာ၀န်ခံ‌ ဒေါ်ပြည့်ဖြိုးခိုင်က အေးရိုးဗစ်သင်တန်း တက်ရောက်ခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် နည်းပြဆရာမ ဒေါ်ယုမြတ်သွယ်က အေရိုးဗစ်ကကွက်များ ဆက်လက် သင်ကြားခဲ့ကြောင်းနှင့် သင်တန်း တွင်သင်တန်းသူ (၃၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ဧပြီ(၁၉)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၈)ရက်ကြာ သင်ကြားဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)