ကရသူရိ ဧပြီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအုပ်စု၊ ဟန်ကပြု ကျေးရွာစာသင်ကျောင်း၌ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/စာရေးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ လိုက်ပါပြီး အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများ၊ တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသူများ၊ ပထမအကြိမ်ထိုးနှံထားပြီးသူများနှင့် ဒုတိယအကြိမ်ဆက်လက် ထိုးနှံရန်ကျန်ရှိသူများကို ကာကွယ် ဆေး ပြီးစီးအောင်ထိုးနှံနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ်နေထိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ကြရန်တို့ကို အသိပေး ပြောကြားလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)