သရက်ချောင်း ဧပြီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် သရက်ချောင်း မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှေးဦးသူနာပြုစုနည်းသင်တန်း (၂)ရက်မြောက်နေ့ကို ယနေ့နံနက် ၈ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်း (၂)ရက်မြောက်နေ့တွင် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြတ်ကိုကိုနှင့်နည်းပြများက သင်တန်းတက်ရောက်ရခြင်း၏ အကျိုးသက်ရောက်ပုံကို သင်တန်းသား/သူများနှင့် ဆွေးနွေးပြီး နောက်စာတွေ၊ လက်တွေ့ နှစ်မျိုးစလုံးဖြင့် ကျွမ်းကျင်စွာတက်မြောက်စေရန် သင်ကြားပေးခဲ့ ကြောင်းသိရသည်။
အဆိုပါသင်တန်းကို အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတို့ဖြင့် (၂)ရက်မြောက်နေ့ကို သင်ကြားပို့ချနေပြီး သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အနေဖြင့်နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် အခမဲ့သင်တန်းများအပြင် စာအုပ်စာစောင်ပြပွဲများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကိုလည်းကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)