ဒေးဒရဲမြို့၌ နှစ်ဦးအကြို စုပေါင်းအာဟာရ စတုဒီသာပွဲတော် ကျင်းပ

ဒေးဒရဲ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ ဘုရားကြီးကွက်သစ် မိသားစုများ စုပေါင်း၍ နှစ်ဦးအကြို စုပေါင်းအာဟာရဒါန စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ ညနေ (၄) နာရီမှစတင်၍ ဘုရားကြီးကွက်သစ် ဘီလမ်းတစ်လျှောက်တွင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စတုဒီသာပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ စတုဒီသာမဏ္ဍပ်များတွင် ရွှေရင်အေး၊ ရေခဲမုန့်၊ ကျောက်ကျော၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကြာဆံချက်၊ ကြာဇံကြော်၊ အချိုရည်အအေးများ၊ သာကူ၊ ထမင်းနှင့် ဟင်းများ ကျွေးမွေး လှူဒါန်းရာ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများက စတုဒီသာပွဲတော်အား ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အေဇာလင်း