အင်္ဂပူမြို့နယ်၊ ကွင်း‌ကောက် (မြောက်)ကျေးရွာ၌ ဆီပီပါလှယ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

အင်္ဂပူ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၊ ကွင်း‌ကောက် (မြောက်) ကျေးရွာအုပ်စု၊ ကွင်း‌ကောက်(မြောက်)ကျေးရွာ၊‌ အောင်မင်္ဂလာလမ်းရှိ ဆီဆိုင်တွင် ယမန်နေ့ နေ့လည်၁နာရီ ၅၅ မိနစ်အချိန်ခန့်က‌ ဆီပီပါလှယ်ရာမှ ပီပါ၂ခု နှုတ်ခမ်းပွတ်တိုက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်စခန်း တာဝန်ခံဒု-မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်၁စီး၊ ကွင်းကောက် နယ်မြေ မီးသတ်စခန်းတာဝန်ခံ ဒု-မီးသတ်ဦးစီးမှူး ဦးသက်နိုင်စိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ပြည်သူများမှ စု‌‌ပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရာ ၂နာရီအချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့်‌ အလျား၁၀၊ အနံ၁၀ရှိ တာပေါလင်မိုး၊ သစ်သားမြေဆိုက် ဆီဆိုင်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)