သာယာဝတီ ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကြံစိုက်ပျိုးမှု (၂၅၀)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရန်မျှော်လင့်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သာယာဝတီမြို့နယ်အနေဖြင့် သာယာပေးကျေးရွာအုပ်စုတွင် ကြံစိုက်ဧက (၂၅၀)ဧကတွင် K-9584 ကြံမျိုးများကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကြံထွက်တန်ချိန်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်နည်းစနစ် မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျသုံးစွဲတတ်စေရန် ကွင်းဝန်ထမ်းများနှင့်လိုက်လံ၍ နည်းပညာပေးဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမြေအနေအထားအရ တစ်ဧကလျှင် ကြံတန်ချိန်အထွက် နှုန်းမှာ(၂၅)တန်ထွက်ရှိရာ ထွက်ရှိလာသော ကြံများကို ဥက္ကံသကြားစက်နှင့် ဒေသထွက်ကုန် ကြံသကာချက်လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
သန့်ဇော်(သာယာဝတီ)