လက်ပံတန်း မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း က အသိပညာပေး Talk Show များ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးလင်းကျော် က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန်များ၊ ဦးတည်ချက်များ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်သည့် မီးဘေးလုံခြုံရေးအတွက် နေအိမ်များတွင် အရည်အသွေးပြည့်ဝသော လျှပ်စစ်ဝါယာကြိုးများကိုသာ အသုံးပြုရေး၊ မီကြွင်းမီးကျန်များမရှိစေရေး၊ မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ထားရှိရန်နှင့် မီးဘေးအန္တရာယ်အား ကြိုတင်ကာကွယ်နိုင်သည့် အချက်အလက် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)