ထီးချိုင့်မြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ထီးချိုင့် ဧပြီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ ထီးချိုင့်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ပြန်ဆက်ဦးစီးဌာနနှင့် သင်တန်းနည်းပြ ဒေါ်စုစုခိုင်တို ့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်လဲ့လဲ့ခိုင်က မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်သည့်အတွက် အပိုဝင်ငွေများရရှိစေရန် ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြော ကြားခဲ့သည်။

ထို့နောက် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို လာရောက်သင်ယူကြသော သင်တန်းသူများအား သင်တန်း နည်းပြ ဆရာမမှ ဆပ်ပြာဆီပြုလုပ်နည်း အဆင့်ဆင့်ကို သင်ကြားပြသပေးခဲ့ရာ သင်တန်းသူများ ကိုယ်တိုင် ပြုလုပ်ထားသော ဆပ်ပြာဆီများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)