မုံရွာ ဧပြီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ်မြန်မာနှစ်ဆန်း(၁) ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက အခမ်း အနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မုံရွာမြို့ ရန်ကင်း ကျောင်းတိုက် တိုက်အုပ်ဆရာတော် ဦးတေဇနိယထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြ သည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အားဥပသကာများက ပရိတ်(ပန်း၊ရေ၊သဲ၊ ကျောက်၊ချည်)များ ဆက်ကပ်ပြီး အန္တရာယ်ကင်းပရိတ် တရားတော်များနာယူကြည်ညိုကာ မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်း သည်။
ဆက်လက်၍ မုံရွာမြို့ ရန်ကင်းကျောင်းတိုက် တိုက်အုပ်ဆရာတော်ဦးတေဇနိယ ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမော ဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်း အနားကို “ ဗုဒ္ဓသာသနံ စိရံတိဌတု “ သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)