မြို့သစ် ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေအတွက် ဆည်ရေသောက်စနစ်ဖြင့် အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ် ကျေးရွာများတွင် စိုက်ပျိုးသည့် နွေစပါးမျိုးများမှာ အထွက်နှုန်းကောင်းမျိုးဖြစ်သည့် ရက်ကိုးဆယ်စပါး၊ ဆင်းသုခစပါး၊ GW 11 စပါးမျိုးများကို စိုက်ပျိုးလျက်ရှိကြသည်။
မြိူ့သစ်မြို့နယ်၌ယ ခုနှစ်တွင် နွေစပါးလျှာထားဧက(၁၁၆၂၀)ဧကရှိပြီး နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များနှင့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ နည်းပညာပေးဆွေးနွေခြင်းနှင့် သင်တန်းများဆောင်ရွက်ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)