ဗန်းမောက်မြို့၌ အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်

ဗန်းမောက် ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးဌာနမှ ကြီးမှူး၍ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယနေ့၊ နံနက်(၁၀) နာရီအချိန်က မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားသည်။

အခမ်းအနား၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးငြိမ်းချမ်းဦးက မိတ်ဆက်အမှာစကားပြောကြားကာ သက်တန်းသားများနှင့် မိတ်ဆက်၍ သင်တန်းကို စတင်ပို့ချခဲ့သည်။

အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိရှိအသုံးချတတ်ပြီး ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက်မြက်လာစေရန်နှင့် အင်္ဂလိပ်စကားပြောဆိုရာ၌ အထောက်အပံ့ ကောင်းဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုသင်တန်း၌ သင်တန်းသား(၁၀) ဦးသာ လက်ခံ၍ ဧပြီလ(၁၈)ရက်နေ့မှ (၂၇) ရက်နေ့အထိ (ညနေ(၃)နာရီမှ ညနေ(၅)နာရီအထိ) (၁၀) ရက်တာ ကာလအတွင်း သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။

မေသူဟန်(ဗန်းမောက်)