တောင်တွင်းကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံ ပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်တွင်းကြီး ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီခွဲက အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်အေးမိုးမိုးမြင့်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီသင်တန်းနည်းပြ ဦးသူရ‌ကျော်မှ သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှကျောင်းသား ကျောင်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ၂၀၂၂-ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့မှ မေလ(၁၃)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ (၄) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)