စစ်ကိုင်းမြို့ ဘုန်တော်ကြီးကျောင်းတိုက်နှင့် သီလရှင်ကျောင်းတိုက်များရှိ သာမဏေ/ သီလရှင် ဆရာလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်း ဧပြီ ၁၈

မြန်မာနှစ်သစ်ကူး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်ကိုင်းမြို့ ဘုန်တော်ကြီးကျောင်းတိုက်နှင့် သီလရှင်ကျောင်းတိုက်များရှိ အသက်(၁၅)နှစ်မှ (၁၈)နှစ်အောက် သာမဏေ/ သီလရှင်ဆရာလေး အပါး(၄၁၄)ပါးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး စီမံချက်များနှင့်အညီ ရဟန်းရှင်/ လူ အပေါင်း ရာနှုန်ပြည့် ကာကွယ်ဆေးထိုးနိုင်ရေးအတွက် စစ်ကိုင်းမြို့ရှိ မဟာစင်္ကြာကျောင်းတိုက်၊ ဇိနောဒယ ကျောင်းတိုက်၊ မဟာခိုနန်းကျောင်းတိုက်၊ မဟာသုဗောဓာရုံကျောင်းတိုက်၊ လေးကျွန်းမြေအုဌ် ကျောင်းတိုက်၊ ပထမဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သကျဓိတာ သီလရှင် စာသင်တိုက်နှင့် ရတနာသိင်္ဂီ သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက အုပ်စုခွဲကာ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနေရာများသို့ စစ်ကိုင်းခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လိုက်လံကြည့်ရှူ ကြည်ညိုခဲ့ကြပြီး လိုအပ်သည့် စီမံမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်