ဝါးခယ်မ ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဝါးခယ်မမြို့၊ မြသိန်းတန်ရပ်ကွက်၊ မြို့ပါတ်လမ်းရှိ “ဒေါ်ပိုက်မိ” ဘိုးဘွားရိပ်သာတွင် မြန်မာနှစ်သစ်အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက ၎င်းဘိုးဘွားရိပ်သာမှ အဘိုး (၄)ဦး၊ အဘွား (၁၁)ဦး၊ စုစုပေါင်း (၁၅)ဦးတို့အား (၁)ဦးလျှင် အလှူငွေ (၁၀၀၀၀)ကျပ်နှင့် လှူဖွယ်ပစ္စည်းများ တန်ဖိုးငွေ (၆၀၀၀)ကျပ်စီ လှူဒါန်းခဲ့ရာ စုစုပေါင်းလှူဒါန်းငွေ (၂၄၀,၀၀၀)ကျပ်ဖြစ်ကြောင်းနှင့် ဘိုးဘွားများ၏ကိုယ်စား အဘိုးဦးအုံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)