ပေါင်းတည် ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရွှေတောင်လမ်း၊ အေးချမ်းသာယာ ကန်တော်မင်္ဂလာ၌ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရာတွင် ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ငါးမျိုးစုံ ကောင်ရေ နှစ်ထောင့်ငါးရာကို အေးချမ်းသာယာကန်တော်မင်္ဂလာအတွင်းသို့ ဇီဝိတဒါနကုသိုလ်ဖြစ် လွှတ်ပေးခဲ့ကြောင်းသိရသည်။
အေးအေးဆင့်(ပြန်/ဆက်)