မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပေါင်းတည်မြို့နယ်အချုပ်ထောင်မှ အကျဉ်းသား ၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

ပေါင်းတည် ဧပြီ ၁၈

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားအချင်းချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ရဲစခန်းအသီးတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/ သူများအား လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ပေါင်းတည်အချုပ်ထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့် ၄၀၁ အရလွတ်မြောက်မည့် အကျဉ်းသား ၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အချုပ်ထောင်တာဝန်ခံဦးစီးမှူး ဦးဝင်းမြင့်နှင့်တာဝန်ရှိသူတို့မှ လွတ်ငြိမ်း ချမ်းသာခွင့်ရရှိသော အကျဉ်းသား ၃ ဦးအား ပေါင်းတည်အချုပ်ထောင် ဧည့်ရိပ်သာတွင် ဆုံးမစကားပြောကြားပြီး တာဝန်ရှိသူများမှ ထောင်လွတ်လက်မှတ်နှင့် ခရီးစရိတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်