မေတ္တာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဂီတာတီး သင်တန်းဖွင့်လှစ်

မေတ္တာ  ဧပြီ   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆိတ်ကူးအသင်းတော်မှ လူငယ်များနှင့် ပူးပေါင်းပြီး ယနေ့နံနက် () နာရီခွဲအချိန်က ဂီတာတီးသင်တန်းကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင် () ဒေါ်အေးအေးချို က နွေရာသီ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဂီတပညာသည် ပြည်သူလူထုအတွင်း အလွယ်ကူဆုံး၊ အထိရောက်ဆုံး၊ စွဲမြဲထိုးဖောက်နိုင်သော အနုပညာ တစ်ရပ်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များ အနုပညာစွမ်းပကားများ ထွန်းကားလာစေရန်၊ ခေတ်နှင့်အညီ အတီးအမှုတ်နှင့် ပတ်သက်သည့် တူရိယာများကို ပိုင်ပိုင်နိုင်နိုင် အသုံးချ တတ်စေရန်၊ အနုပညာအမွေအနှစ်များကို တန်ဖိုးထားချစ်မြတ်နိုးသည့် အနာဂတ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ဂီတာတီးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထိုနောက်သင်တန်းနည်းပြဆရာက တီးလုံးတီးကွက်များ ဂီတာကြိုး ကိုင်တွယ်ပုံများအကြောင်းကို သင်တန်းသား/သူများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ ဂီတာတီးခြင်းကို စတင်သင်ကြားခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းသား/သူ (၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ (၁၈) ရက်မှ (၂၀) ရက်နေ့အထိ ()​ ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အေးအေးချို (မေတ္တာ)