ပန်းတနော်မြို့၌ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

ပန်းတနော် ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း (၂)ရက် ယနေ့ နံနက် ၈ နာရီအချိန်က ပန်းတနော်မြို့ မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ငါးသောင်းကို ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ပန်းတနော်မြစ်အတွင်းသို့ ထိုင်းငါးခုံးမသားပေါက်ကောင်ရေ သုံးသောင်း၊ ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ နှစ်သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ငါးသောင်းကို ဇီဝိတဒါနအဖြစ် ကုသိုလ်ပြု စုပေါင်းလွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)