ကျုံပျော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ စာသင်တိုက်များနှင့် သံဃာတော် များသော ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများဆက်ကပ် လှူဒါန်း

ကျုံပျော် ဧပြီ ၁၈

မြန်မာတို့၏ ၁၃၈၄- ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ကုသိုလ်‌ မင်္ဂလာယူသောအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ မြို့နယ် အတွင်းရှိ စာသင်တိုက်များနှင့် သံဃာတော်များသော ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများဆက်ကပ် လှူဒါန်းခြင်းကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇော်ဦး တို့ကဦးဆောင်ကာ ကျုံပျော်မြို့ပေါ်ရှိ သံဃာစာသင်တိုက်နှင့် ဘုန်းတော်ကြီး ကျောင်းတိုက်(၈)တိုက်၊ သီလရှင်ကျောင်းတိုက်(၂)တိုက်၊ အထောင်မြို့ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်(၄)တိုက်နှင့် သောင်ကြီးကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတိုက်(၁)တိုက်၊ စုစုပေါင်း (၁၅) တိုက်သို့ သွား‌ရောက်၍ ကျောင်းတိုက်တစ်တိုက်လျှင် ဆန်(၁)အိတ်၊ ဆီ(၁)ပုံးနှင့် အလှူငွေကျပ်(၃)သောင်းစီတို့အား သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေးများထံသို့ ဆက်ကပ်လောင်းလှူပြီး၊ ဆက်လက်၍ မြို့နယ်အတွင်းရှိ သက်တော်ရှည် သံဃာတော်အရှင်သူမြတ် သီတင်းသုံး‌နေထိုင်ရာ တလုပ်ပင်ကျောင်းတိုက်သို့ သွားရောက်ပြီး အလှူတော် ငွေကျပ် (၅)သောင်းအား  ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်ကပ်လှူဒါန်း‌ သောကုသိုလ်ကောင်းမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဦးဆောင်ကာ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်အသီးသီးတို့က စုပေါင်းထည့်ဝင် လှူဒါန်းခြင်းဖြစ်ပြီး၊ နစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သော မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင်လည်း မြို့ပေါ်ရှိ ကျောင်းတိုက်(၂၆)တိုက်တို့မှ သံဃာတော် (၄၁၃)ပါးနှင့် သီလရှင်ကျောင်းတိုက် (၇)တိုက်တို့မှ သီလရှင် (၉၅)ပါးတို့ထံသို့ ဆန်၊ဆီ၊ဆား၊ အလှူတော်ငွေနှင့် အခြားလှူဖွယ်ပစ္စည်းများအား အသီးသီး ဆပ်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)