သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဧပြီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးများ အပတ်စဉ်(၁၅)ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေးကိစ္စဆောင်ရွက်ရန်၊ ကာကွယ်ဆေး ထိုးရန်၊ (၁၅ နှစ် - ၁၈ နှစ် ကြားဆေးထိုးရမည့်စာရင်းပြုစုပေးပို့ရန်)၊ သန့်ရှင်ရေးကိစ္စ စနေနေ့တိုင်းဆောင်ရွက်ရန်၊ ကော်မရှင်စာရင်း၊ ထွေအုပ်စာရင်း၊ လဝက စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း မှန်ကန်ပြည့်စုံရေး ပူးပေါင်းဆောင်ရွက်ရန်၊ ရပ်ကျေးစာရေးများ ပုံစံ(၂၇)မျိုး ဖြည့်သွင်းရန်နှင့် လူဦးရေစာရင်း လစဉ်ဖြည့်သွင်းစစ်ဆေးမည်ဖြစ်၍ အစစ်ဆေး ခံနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ဘဏ် ၂၀၂၂ မိုးချေးငွေ ထုတ်ချေးမည် ဖြစ်သဖြင့် စည်းရုံးဆောင်ရွက်ရေးတို့ကို အလေးထား စီမံဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ အသေးစိတ် ဆွေးနွေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)