သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အန္တရာယ်ကင်းပရိတ်တရားတော် နာရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်ကြီးဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကျင်းပ

သရက်ချောင်း ဧပြီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၌ ၁၃၈၃-၁၃၈၄ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အန္တရာယ်ကင်းပရိတ်တရားတော်နာ ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်ကြီးဘိုးဘွားများအားပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်က သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာကျေက်တိုင်ဝင်း မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌမှဦးစီးသော သံဃာတော်အရှင်သူမြတ် (၁၂) ပါး ကြွရောက်ချီးမြှင့်ပေးတော်မူပြီး ရှေးဦးစွာ ဆရာတော်သံဃာတော်ရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃) ကြိမ်ရွတ်ဆိုကာ ငါးပါးသီလခံယူတည်ဆောက်ခဲ့ပြီး ပရိတ်ကြီး(၁၁)သုတ်ထဲမှ ရတနာသုတ်၊ မေတ္တာသုတ်၊ ဓာရဏပရိတ်မဟာသမာယသုတ်၊ ကမ္မဝါစာ တရားတော်အရှင်မြတ်များက ရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ဖိတ်ကြားထားသော ရပ်မိရပ်ဖများက သက်ကြီးအဘိုး၊ အဘွား (၃၀)ဦးတို့ကို ပူဇော်ကန်တော့ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက အဘိုးအဘွားများအားအလှူငွေများနှင့် ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်မြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်လက်လှူဒါန်းခဲ့ပြီး တိုင်းသံဃာ့နာယကအဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဥူးအာစာရ (ကျောက်မြောင်း တောင်သစ်ကျောင်း)၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ဇင်ကျောင်းသစ်ကျောင်းတိုက် ဆရာ တော် အရှင်ကောသလ္လမှ တရားတော်ချီးမြှင့်ခြင်းနှင့် လှူးဒါန်းမှုအစုစုတို့အတွက် ဧည့်ပရိတ်သတ် အပေါင်းတို့မှ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သားကြီး (သရက်ချောင်း)