သာပေါင်း ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးများအပတ်စဉ် (၁၅)ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေးကိစ္စဆောင်ရွက်ရန်၊ ကာကွယ်ဆေးထိုးရန်၊ ( ၁၅ နှစ် - ၁၈ နှစ်ကြား ဆေးထိုးရမည့် စာရင်းပြုစုပေးပို့ရန်)၊ သန့်ရှင်ရေးကိစ္စ စနေနေ့တိုင်း ဆောင်ရွက်ရန်၊ ကော်မရှင်စာရင်း၊ ထွေအုပ်စာရင်း၊ လဝက စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း မှန်ကန်ပြည့်စုံရေး ပူးပေါင်းဆောင်ရွက်ရန်၊ ရပ်ကျေးစာရေးများပုံစံ (၂၇)မျိုး ဖြည့်သွင်းရန်နှင့် လူဦးရေစာရင်း လစဉ်ဖြည့်သွင်း စစ်ဆေးမည်ဖြစ်၍ အစစ်ဆေးခံနိုင်ရေးဆောင်ရွက်ရန်၊ စိုက်ဘဏ် ၂၀၂၂ မိုးချေးငွေ ထုတ်ချေးမည်ဖြစ်သဖြင့် စည်းရုံးဆောင်ရွက်ရေးတို့ကို အလေးထား စီမံဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ အသေးစိတ်ဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)