မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ တနင်္သာရီမြို့ ဘိုးဘွာရိပ်သာရှိသက်ကြီးဘိုးဘွား (၃၈) ဦးအား လှူဒါန်းပူဇော်ပွဲပြုလုပ်

တနင်္သာရီ  ဧပြီလ ၁၈

၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် အနန္တောအနန္တငါးပါးအား ဦးထိပ် ထား၍ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူး၍ အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိသော သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၁၇ ရက်နေ့ (၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်) နံနက် ၁၀ နာရီ ၃၀ အချိန် မြို့နယ် သဘာဝဘိုးဘွားရိပ်သာဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တနင်္သာရီမြို့နယ်သဘာဝဘိုးဘွား ရိပ်သာအတွင်း မှီတင်းနေထိုင်ကြသည့် သက် ကြီးအဘိုးအဘွား (၃၈) ဦးတို့အား အခမ်းအနားသို့ တက်ရောက်လာသူများက ဩကာဿ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြရာ အဘိုးအဘွားများ (ကိုယ်စား) ဆရာလေး ဒေါ်စန္ဒာသီရိက ဆုံးမဩဝါဒစကားပြောကြား၍ မေတ္တာပို့သဆုတောင်းပေးသည်။

ထို့နောက် အဘိုးအဘွား (၃၈) ဦးတိုအား မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့်ဌာနဆိုင်ရာ

များ၊ အလှူရှင်များက အလှူငွေများကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းကြပြီး၊  စကြာဝဠာအန္တသို့ မေတ္တာပို့သအမျှဝေ သာဓုခေါ်ဆိုကြကာ အခမ်းအနား တက်ရောက် လာသူများအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးကြောင်း၊ ၎င်းသက်ကြီးပူဇော်ပွဲကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း လက်ရှိတာဝန် ထမ်းဆောင်နေ ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းအလှူ ထည့်ဝင်ရရှိငွေများဖြင့် အဘိုးအဘွား (၃၈) ဦးတို့ထံ တစ်ဦးလျှင် နှစ်ဆန်းတစ်ရက်နေ့အထိမ်းအမှတ် အလှူငွေ (၂၀၀၀၀) နှုန်းအား ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်ကြောင်း သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရ သည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)