ကရသူရိမြို့တွင် တစ်နိုင်တစ်ပိုင် ကွမ်းရွက်စိုက်ပျိုးရောင်းချမှုကြောင်း မိသားစုအပိုဝင်ငွေရရှိ

ကရသူရိ ဧပြီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်တစ်နိုင်တစ်ပိုင် ကွမ်းရွက်စိုက်ပျိုး ရောင်းချမှုကြောင်း မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ကွမ်းရွက်ကို စီးပွားဖြစ်စိုက်ပျိုးခြင်းမဟုတ်ဘဲ မိသားစုအပိုဝင်အဖြစ်စိုက်ပျိုးထားကာ ယခုအချိန်တွင် ကွမ်းရွက်စိုက်ပျိုးသူနည်းပါးခြင်းကြောင့် ကွမ်းရွက်ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေတိုးပွားကာ စားဝတ်နေရေးအဆင်ပြေမှုရရှိကြောင်း၊ ယခင်က ကွမ်းရွက်တစ်ပိဿာကို(၃၀၀၀)ကျပ်ရရှိပြီး ယခုအချိန် တွင်(၃၇၀၀)ကျပ်အထိ ရရှိကြောင်း၊ ထို့ပြင် ကွမ်းရွက်ပင်သည် ပိုးမွှားဖျက်ဆီးခံရသည့်အတွက် စိုက်ပျိုးဖြစ်ထွန်းမှုနည်းပါးလာ၍ မိမိတို့ဒေသတွင် စိုက်ပျိုးသူရှားပါးလာကြောင်း တစ်နိုင်တစ်ပိုင် ကွမ်းရွက်စိုက်ပျိုးရောင်းချသူတစ်ဦးကပြောသည်။

ကရသူရိမြို့တွင် နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလာကြပြီး ကွမ်းရွက်စိုက်ပျိုးမှုရှားပါးလာသဖြင့် ကွမ်းရွက်ဈေးကောင်းရနေခြင်းဖြစ်ပြီး အဆိုပါကွမ်းရွက်ကို ဒေသခံပြည်သူများ အိမ်တွင်း ကွမ်းစားခြင်းနှင့် ကွမ်းယာရောင်းခြင်းတို့တွင် အဓိကအသုံးပြုလျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)