ခမောက်ကြီး ဧပြီ ၁၈
၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးဆွမ်းအလှူ၊ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို ယနေ့နံနက်(၆)နာရီက ခမောက်ကြီးမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးဦးခိုင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ အကျိုးတော် ဆောင် အဖွဲ့တို့က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ တိလောကာရုံကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသထံမှ ငါးပါးသီလဆောက်တည်ခြင်း၊ ဆွမ်းအနုမောဒနာတရားနာယူခြင်းနှင့် ဆရာတော်ဘုရား၏ ဩဝါဒတရားများ နာယူခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင် သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရာတော် ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။ ယင်းနောက် မြို့အုပ် ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းပြီး တရားနာပရိသတ်တို့မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် အသက်(၇၅)၊နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား(၂၉)ဦးအားကို ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် မြို့နေပြည်သူများက ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး အဘိုးဦးဟန်ရှိန်က ကန်တော့ခံအဘိုးအဘွားများ ကိုယ်စားဆုတောင်းမေတ္တာပို့သ၍ ဩဝါဒပေးခဲ့သည်။ ယင်းနောက် ဘိုးဘွားများအားအလှူငွေများနှင့်ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းခဲ့ကြသည်။ အခမ်းအနားသို့ မလာရောက်နိုင်သည့် ဘိုးဘွား(၁၁)ဦးကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကအလှူငွေနှင့် ကန်တော့ပစ္စည်းများအား အိမ်အရောက် သွားရောက်ပေး အပ်မည်ဖြစ်ကြောင်းသိရသည်။
ရူပါမြင့်(ခမောက်ကြီး)