ပေါက်ခေါင်းမြို့နယ်အတွင်း အန္တရာယ်ကင်းစေရန် ဆရာတော်၊ သံဃာတော်များက မြို့တွင်း လှည့်လည်၍ ပရိတ်တရား‌တော်များ ရွတ်ဖတ်ပူဇော်

ပေါက်ခေါင်း ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့ မြို့လယ်‌လေးမျက်နှာစေတီ‌တော်၊ မဟာသန္တိသုခဓမ္မာရုံတွင် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းနှစ်ရက်နေ့၊ ယနေ့နံနက် ၆  နာရီအချိန်တွင် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ချီးမြှင့်‌ပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူ‌မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ငါးပါးသီလခံယူပြီး မြို့နယ်သံဃာ့မဟာနာယက ဆရာတော်များက ဦးဆောင်၍ ဘေးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြပြီး တာဝန်ရှိသူများက အရုဏ်ဆွမ်းနှင့် ဝတ္ထုပစ္စည်းများ ကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာ‌တော်များက မော်တော်ယာဉ်များဖြင့် မြို့ပေါ်လမ်းမကြီး တလျောက်၊ ရပ်ကွက်များသို့ လှည့်လည်၍ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ပူဇော်ပေးခဲ့ကြရာ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများက လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သန်းထွန်းအောင်