ကလိန်အောင် ဧပြီ ၁၈
၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းသောနေ့ ဖြစ်သည်နှင့်အညီ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များမှ စေတီပုထိုးများ၊ ဘုရားကျောင်းကန်စေတီများတွင် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းများဖြင့် စည်းကားလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော် မြတ်ကြီးတွင် ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးသူပြည်သူများဖြင့် ယမန်နေ့ နံနက်ပိုင်းမှစ၍ စည်းကား လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကလိန်အောင်မြို့ရှိ အထင်ကရရှင်ကိုးရှင်သမိုင်းဝင် ဆုတောင်းပြည့်ဆံတော်ရှင်စေတီ တော်မြတ်ကြီးသို့ ဘုရားဖူးသူပြည်သူများအား အလှူရှင်များမှ စတုဒိသာအလှူအဖြစ် သင်္ကြန် ထမင်းလှူဒါန်းခဲ့ပြီး " ဒီနေ့ဟာ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဖြစ်တဲ့အတွက် အနယ်နယ်အရပ်က ဘုရားဖူးပြည်သူတွေက နံနက်စောစောရောက်လာပြီး စေတီတော်မြတ်ကြီးအား ပန်း၊ရေချမ်း၊ ဆွမ်းများကပ်လှူပူဇော်ခြင်း၊ အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)