ကလိန်အောင် ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း ရပ်ကွက်များရှိသက်ဆိုင်ရာ လမ်းများတွင် မြန်မာသက္ကရာဇ် (၁၃၈၄) ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များကို သဒ္ဓမ္မရံသီအောင်တော်မူဝတ်ပြုကျောင်း ဆရာတော်ဦးသုစိတ္တနှင့်ရဟန်းသံဃာတော်များက ရွတ်ဖတ်သရဇ္ဇယ်တော်မူကြပြီး ကုသိုလ်ယူ တရားနာလာရောက်သူများနှင့်စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့နောက် သံဃာတော်များအား ရပ်ကွက်နေ ပြည်သူများကစုပေါင်း၍ နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပရိတ်တရားတော်လာရောက်နာယူကြသူ များအား အလှူရှင်များက စတုဒီသာ ဖျော်ရည်များလှူဒါန်းကြပြီး ပြည်သူများပျော်ရွှင်စွာ လာရောက် သုံးဆောင်ကြကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)