သာပေါင်း ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယမန်နေ့ နံနက် ၇ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားတွင် ကြွရောက်လာကြသော ဆရာတော် ကြီးများထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းနှင့် ဌာနဆိုင်ရာများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ကြီးများ ကအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖက်ချီးမြှင်ကြရာ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြပြီးနောက် ရေစက်သွန်ချအမျှအတန်း ပေးဝေခဲ့ ကြပြီ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းနှင့် ဌာနဆိုင်ရာများက လှူဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သံဃာတော်များ ပင့်ဖိတ်၍ လမ်းဆုံ လမ်းမများတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်နာယူလေ့ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်