မြန်အောင် ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ရုံးဌာနများ၊ ရပ်ကွက်/ ကျေးရွာများတွင် မြန်မာ့နှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် သက်ကြီးပူဇော်ပွဲများ၊ ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ခြင်းတို့ကို မြန်မာ့ရိုးရာ အစဉ်လာမပျက် ကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်အောင်မြို့ ရုံးဌာနများ၊ ရပ်ကွက်ကျေးရွာများအလိုက် လမ်းများတွင် ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး သက်ကြီးပူဇော်ပွဲများ၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများနှင့် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ခြင်း စသည့် မြန်မာ့ရိုးရာအစဉ်လာမပျက် ကုသိုလ်ကောင်းမှုများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်