မြန်မာနှစ်ဆန်းတစ်ရက်နေ့ ပြည်မြို့သီရိခေတ္တရာ ဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကျင်းပ

ပြည် ဧပြီ ၁၈

၂၀၂၂ခုနှစ် ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့နံနက် ၉နာရီအချိန်တွင် ပြည်မြို့ သီဂီခေတ္တရာ ဘိုးဘွားရိပ်သာ၌ သက်ကြီး ဘိုးဘွားများ ပူဇော်ကန်တော့ပွဲကို ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က နှစ်သစ် ဆုတောင်းစကားပြောကြားသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဘိုးဘွားများအား ကန်တော့ကျိုးဖြင့် ကန်တော့ ကြပြီး၊ ဘိုဘွားများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင်နှင့်တာဝန်ရှိသူများက လူဖွယ်ပစ္စည်များ ပေးအပ် လှူဒါန်းခဲ့ကြသည်။

ယင်းနောက်အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာများ ပြန်လည်ပို့သပေး ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့် ခလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ကြကြောင်း သိရသည်။

ကိုစိုး