လပွတ္တာ ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ဆန်း(၁)ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ရဲတံခွန်ခန်းမရှေ့မှ စတင်၍ မြို့နယ်တွင်း လှည့်လည်အလှူခံကြွချီကြောင်း သိရှိရသည်။
ဆွမ်းဆန်စိမ်းအလှူခံကြွချီရာတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် (၄၉၉)ပါးနှင့် သီလရှင်(၇၁)ပါးတို့ အလှူခံကြွရောက်တော်မူခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ မြို့သူ၊ မြို့သားများက စေတနာ သဒ္ဓါတရားထက်သန်စွာ စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်၊၊
လပွတ္တာ ခရိုင်ပြန်/ဆက်