ရွှေတောင်မြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်

ရွှေတောင် ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၉:၀၀နာရီက မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ကိုးပါးသီလခံယူခဲ့ကြပြီး ကြွရောက်လာကြကုန်သော သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ ဆရာတော်အရှင်သူမြတ်များအား နဝကမ္မ လှူဖွယ်ဝတ္ထုနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)