မော်လမြိုင်ကျွန်း ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် မြို့နယ်အတွင်းလှည့်လည်၍ ရွတ်ဖတ်ခြင်း၊ ပရိတ်ရေများ ပက်ဖျန်းခြင်းအစီအစဉ်ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ သရဏဂုံသီလဆောက်တည် ခံယူကြပြီးနောက် ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူပူဇော်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် ဗိုလ်မှူး မင်းထက်မှူး၊ အတွင်းရေးမှူး ရဲမှူးမိုးစိန် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများမှ မြို့နယ် အတွင်းသို့ လှည့်လည်၍ ပရိတ်တရားတော်မြတ် ရွတ်ဖတ်ချီးမြှင့်ပြီး ပရိတ်အမွှန်းပြု၍ အမျှ မေတ္တာဝေမျှခြင်းနှင့် အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)