ကြံခင်း ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၂)ရက်နေ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကြံခင်းမြို့ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာအန္တရာယ်ကင်း ပရိတ်တရားရွတ်ဖတ်ပူဇော်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများမှ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် ဦးဝါယမထံမှ ငါးပါးသီလဆောက်တည်ကြပြီး ကြွရောက်လာကြသော ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ပူဇော်ကြ သည်။
ထိုနောက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက် ဆရာတော်ဦးဝါယမမှ နှစ်ဦးအန္တရာယ်ကင်း တရားဒေသနာတော်အားမြွတ်ကြားပြီး ဆရာတော်ကြီးများကို ဝတ္တုငွေ များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ရေစက်သွန်းချတရားတော်နာ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)