မြောင်းမြ ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ၈၅ ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် စာရေးတံမဲ လှူဒါန်းပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက် နေ့ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူရေး ဗဟိုဦးစီးကော်မတီဥက္ကဋ္ဌ ဦးအင်းယားနှင့် မြောင်းမြမြို့နယ်အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြင့်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သံဃာတော်အရှင်မြတ်များအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် အကြီးအကဲများနှင့် ဌာနဆိုင်ရာများ၊ မြို့သူမြို့သားများက ဝတ္တုငွေသားများ၊ ဆွမ်းဆန်တော်များ၊ လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက် ၃၉၉ ကျောင်း၊ သံဃာတော် ၁၈၂၇ ပါး၊ ငွေပဒေသာပင် ၄၇၇ ခုတို့ကို စာရေးတံမဲဖောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သံဃာတော်များကို ဆွမ်းဆန်စိမ်းလောင်းလှူနေစဉ်အတွင်း နိုင်ငံကျော်အဆိုတော် ဝါးခယ်မ ရဲမောင်နှင့် မေရွက်ဝါတို့က ရတု၊ သီချင်းများ သီကျူးပူဇော်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ဆက်