မင်းတုန်း ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတက်နေ့က ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်၊ကျေးရွာတို့ရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ည ၇ နာရီတွင် ယိမ်းအကအလှများဖြင့် ယိမ်းပြိုင်ပွဲဝင် အသင်းများက ကပြဖျော်ခဲ့ပြီး ယိမ်းပြိုင်ပွဲတွင် ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် ဌာနဆိုင်ရာများက ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့် နှစ်သိမ့်ဆုများ ပေးအပ်ခဲ့ကြပြီး မန်းတောင်ရိမ်ခို သီချင်းယိမ်းအကဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ပိတ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)