ကြံခင်းမြို့နယ်အတွင်း မဟာသင်္ကြန်အတတ်နေ့တွင် ပျော်ရွှင်စွာရေကစားသူများ၊ စတုဒီသာ ကျွေးသူများဖြင့်စည်ကား

ကြံခင်း ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း (၁၃)ရက်နေ့ မှစပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ဆင်နွှဲကြရာ  ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ အတာရေသဘင်ပွဲ ပျော်ရွှင်အေးချမ်းစွာ ရေကစားသူများနှင့် စတုဒီသာကျွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့တွင် မဟာသင်္ကြန်အကြိုနေ့မှ ယနေ့အတတ်နေ့အထိ မြို့ပေါ်ရပ်ကွက်/ ကျေးရွာများတွင် မြန်မာရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ဗုဒ္ဓဘုရားရှင်အား ပင့်ဆောင်ပူဇော်ခြင်း၊ ဘုရားအမှုးထားသောဆရာတော် သံဃာတော်များ၊ ဒုလ္လဘ သင်္ကန်းဝတ်သံဃာများ ကြွရောက်ရာလမ်းတလျှောက်ရှိ စေတနာရှင်ပြည်သူများကဆွမ်း၊ ဆွမ်းဟင်းနှင့် လှုဖွယ်ပစ္စည်းများလှုဒါန်းကြခြင်း၊ ရပ်ကွက်/ကျေးရွာ လမ်းများတွင် ပျော်ရွှင်အေးချမ်းစွာ ရေသဘင်ပွဲဆင်နွှဲကစားကြခြင်းနှင့်  ရပ်ကွက်အတွင်းရှိ ပြည်သူများမှ နေအိမ်များတွင် မုန့်လုံးရေပေါ်၊ သာကူ၊ မုန့်လက်ဆောင်း၊ သင်္ကြန်ထမင်းများ စတုဒီသာ ကျွေးမွေးလှုဒါန်းကြရာ အထူးစည်ကားလျက်ရှိကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)