ကျောင်းကုန်း ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ကမ်းနားလမ်းနှင့် ဆေးရုံလမ်းထောင့် ဗဟိုမဏ္ဍပ်တွင် ယနေ့သင်္ကြန်အတက်နေ့တွင် ပျော်ရွှင်စွာ ဖျော်ဖြေ ကပြ သီဆိုကာ ရေပက်ကစားခဲ့ကြသည်။ အလှူရှင်များကလည်းနေ့စဉ် မုန့်လုံးရေပေါ်များ၊ မုန့်လက်ဆောင်းများ၊ ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၅)ရပ်ကွက်ဖြစ်သော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့မှ ယိမ်းအဖွဲ့များနှင့်ပညာရေးဌာနမှ ယိမ်းအဖွဲ့များ၊ မြို့နယ်သဘင်အစည်းအရုံးမှ မြန်မာသံစဉ်တေးသံရှင်များ၊ စတူဒီယို တေးသံရှင်များနှင့် ခေတ်ပေါ်တေးသံရှင်များက အလှည့်ကျ ဧည့်ခံဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)