မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှစ်ဦးကောင်းမှုကုသိုလ်များ အစဉ်အလာမပျက်ပြုလုပ်

မင်းဘူး ဧပြီ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ အခါကြီးအခါရက်များတွင်း မြန်မာနှစ်ဦး ကောင်းမှုကုသိုလ်များ အစဉ်အလာမပျက် ပြုလုပ်ကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ထိုသို့ပြုလုပ်ရာတွင် ရှေးအစဉ်အလာမပျက် အခါရက်မြတ်ကာလအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်ဦးကောင်းမှုကုသိုလ်အဖြစ် ဘုရားများ ရေသပ္ပါယ်ခြင်း၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းချက်၊ ဆွမ်းကပ်၊ ဆွမ်းလောင်း/ဆွမ်းဆန်စိမ်းလောင်း ကုသိုလ်ပြုခြင်း၊ ဘုရားကျောင်းကန်ဇရပ် များတွင် ဥပုသ်သီလဆောက်တည်ခြင်း၊  သက်ကြီးဘိုးဘွားများအား ကန်တော့ခြင်း၊ ရေချိုးခေါင်လျှော် ပေးခြင်း၊ ကေသဆံညှပ်ပြုလုပ်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ ရေတွင်းရေကန် တူးဖော်ခြင်း၊ ညောင်ရေသွန်းလောင်းခြင်း၊ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုခြင်း၊ အလှူအတန်းနှင့် စတုဒီသာများ ကျွေးမွေးခြင်း၊ ပေးကမ်းစွန့်ကျဲခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)