ဆိပ်ဖြူ ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်းသို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ - ၁၃၈၄ ခုနှစ် နှစ်ဦးကူးပြောင်း မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဒေသခံပြည်သူများက ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်း၊ လူငယ်လူရွယ်များက အတာရေသဘင်ပွဲ ရေပက်ဆော့ကစားခြင်းများ ဆောင်ရွက် ကြပြီး ဆိပ်ဖြူမြို့ ယောချောင်းအတွင်းသို့ ဒေသခံပြည်သူများ၊ နီးစပ်ရာမြို့နယ်တို့မှ ပြည်သူ များသည် အေးချမ်းပျော်ရွှင်စွာ အပန်းဖြေ ရေကစားလာရောက်ကြကြောင်းသိရသည်။
ကိုဇွဲ(အညာမြေ)