မဟာသင်္ကြန်အတက်နေ့တွင် ဟင်္သာတမြို့နယ်၌ ရေလောင်းရေပက်ခံသူများ၊ စတုဒီသာ မဏ္ဍပ်များနှင့် စည်ကား

ဟင်္သာတ ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ နှစ်သစ်ကူး အတာသင်္ကြန် အတက်နေ့ ယနေ့တွင် ခရိုင်ဗဟိုမဏ္ဍပ်နှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များ ရေလောင်းရေပက်ခံသူများနှင့် စည်ကားလျက်ရှိကြောင်းသိရသည်။

မဟာအတာသင်္ကြန်အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ရေကစား မဏ္ဍပ်များတွင် သင်္ကြန်သီချင်းများဖွင့်လှစ်ခြင်း၊ ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များမှ ယိမ်းအက အလှများဖြင့် ဖျော်ဖြေပေးခြင်းများနှင့် သဘင်ဂီတအစည်းအရုံးမှ တေးသီချင်းဖျော်ဖြေမူများနှင့် အတူ ပြည်သူများမှအတူပါဝင်ဆင်နွဲပြီး၊ ရပ်ကွက်များတွင် စတုဒီသာများကျွေးမွေး လှူဒါန်းခြင်း များဖြင့် စည်ကားလျက်ရှိသည်။

ကိုဇော်-ဟင်္သာတ