ရှမ်းရွာသစ်မြို့ ပရေကြေတိုရေတံခွန်၌ သင်္ကြန်အကြတ်နေ့တွင် ရေကစားသူများဖြင့် စည်ကား

ရှမ်းရွာသစ် ဧပြီ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ ပရေကြေတိုရေတံခွန်၌ သင်္ကြန်အကြတ်နေ့ ရုံးပိတ်ရက်တွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကာ လုံခြုံစိတ်ချမ်းမြေ့စွာဖြင့် အပန်းဖြေ လျက်ရှိကြောင်း သိရသည်။

ထိုသို့ အပန်းဖြေသူများ စည်ကားလျက်ရှိသဖြင့် စျေးရောင်းချနေကြသည့် ဒေသခံများအနေဖြင့် ဝင်ငွေများ ပိုမိုရရှိလျက်ရှိပြီး အဆိုပါရေတံခွန်တွင် မြို့နယ်အတွင်းရှိ ပြည်သူများ သင်္ကြန်ရုံးပိတ် ရက် မတိုင်ခင်မှစ၍ နေ့စဉ်လာရောက်သူ များပြားလျက်ရှိကာ သင်္ကြန်ပိတ်ရက်တွင် လာရောက် သူ ပိုမိုများပြားကြောင်း၊ သင်္ကြန်အကြတ်နေ့ (ယနေ့)တွင်လည်း လာရောက်အပန်းဖြေသူများ ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထိုသို့ လာရောက်သူများပြားနေသဖြင့် အပန်းဖြေသူများ လုံခြုံအေးချမ်းပြီး စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန်အတွက် တာဝန်ရှိသူများက ကူညီဆောင်ရွက်လျက်ရှိပြီး စျေးရောင်းချသည့် ဒေသခံများ သတ်မှတ်နေရာများ၌ ရောင်းချရန်၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်ရန်တို့အား တာဝန်ရှိသူများက လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသဖြင့် လာရောက်အပန်းဖြေသူများ အနေဖြင့်လည်း စိတ်ချမ်းမြေ့စွာ အပန်းဖြေလျက်ရှိကြောင်း သိရ သည်။

ဇင်လေး(ပြန်/ဆက်)