ပန်းတနော် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဗဟိုရေကစားမဏ္ဍပ်နှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
နှစ်သစ်ကူးမြန်မာ့ရိုးရာ မဟာသင်္ကြန် အချိန်ကာလတွင် မြို့နယ်အတွင်း ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ တရားစခန်းများ၌ တရားဘာဝနာ ပွားများကြသူများနှင့် ဗဟိုရေကစား မဏ္ဍပ်၊ မြို့ပေါ်ရပ်ကွက်ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဖြင့် ရေကစားကြသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းသာပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင် စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)