ကလိန်အောင် ဧပြီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာတွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့ ၌ ကလိန်အောင်မြို့ရပ်ကွက် ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အကြတ်နေ့တွင် ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ၌ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာအမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာ အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားကြပြီး သင်္ကြန်မဏ္ဍပ်တွင် ယိမ်းအကဖွဲ့များမှ အကအလှများဖြင့် ဖျော်ဖြေလျက်ရှိကြောင်းသိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)