တမူးမြို့တွင်  နှစ်သစ်ကူးမဟာသင်္ကြန် အကြတ်နေ့ ပြည်သူများ အေးချမ်းစွာရေကစား

တမူး ဧပြီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန် အကြတ်နေ့တွင် ပြည်သူများ အေးချမ်းစွာ ရေကစားလျက်ရှိကြောင်း သိရသည်။

တမူးမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်နှင့် ကဘော်ချိုင့်ဝှမ်းမြို့တော် ဆိုင်းဘုတ်အနီး တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရန် ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့မှ စတင်၍ ရေကစားနိုင်ရန် ဆောင်ရွက်ထားရှိကာ ပြည်သူများ ပျော်ပျော်ရွှင်ရွှင် ကခုန်ပျော်မြူး၍ ရေကစားလျက်ရှိပြီး ပြည်သူများစိတ်အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များနှင့် လူမှုရေးအသင်း အဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာ