အိမ်မဲ ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများ၊ ရေပတ်ခံထွက်သူများ၊ လမ်းလျှောက်သင်္ကြန် ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများက မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ ရေပတ်ခံထွက်သူများအား စတုဒိသာများလည်း ကျွေးမွေးလှူဒါန်းနေကြောင်းလည်း သိရသည်။
နှစ်ဆန်း(၁)ရက်နေ့တွင်လည်း (၁၁၄)ကြိမ်မြောက် အိမ်မဲမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)