မြဝတီမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်များအတွင်း ရေကစားသူများဖြင့် ပျော်ရွှင်စွာဆင်နွှဲ

မြဝတီ ဧပြီ ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြစန္ဒီပန်းခြံရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြတ်နေ့က ယိမ်းအကအဖွဲ့များ တေးသီးချင်း သီဆိုသူများ၊ လာရောက်ကြည့်ရှုသူများနှင့် လမ်းလျှောက် သင်္ကြန်ပါဝင် ဆင်နွှဲသူများဖြင့် အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါ ယိမ်းအကအဖွဲ့များနှင့် တေးသီချင်းသီဆို ဖျော်ဖြေနေမှုများအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမင်းသူ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးမင်းဇော်တို့က ကြည့်ရှု အားပေးကြပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသည်။

အလားတူ ရပ်ကွက်များအတွင်းတွင်လည်း ရေကစားသူများ ရေပတ်ခံထွက်သူများဖြင့် မဟာသ င်္ကြန်အကြတ်နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)