ဟင်္သာတ ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် မဟာသင်္ကြန် ယမန်နေ့(အကြတ်နေ့) ဟင်္သာတခရိုင်ဗဟိုမဏ္ဍပ်၌ ယိမ်းအကဖျော်ဖြေရေးများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ရေကစားသူများနှင့် အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားလျက်သည်။
အဆိုပါ မဏ္ဍပ်တွင် ဌာနဆိုင်ရာများက အလှည့်ကျ စတုဒိသာများ ကျွေးမွေးလှူဒါန်းကြပြီး ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက အနီးကပ်ကြီးကြပ်၍ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့များ၊ ယာဉ်ထိမ်းတပ်ဖွဲ့များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုဇော်-ဟင်္သာတ